Friday, July 10, 2009

မကြွေသောကြယ်

ကြယ်နီပွင့်တွေ အမှောင်ညတွေထဲ

ပွင့်ရဲ ကြွရဲ

ကြယ်နီတွေကြွေတော့ မြေကခေါင်းမော့

တသော့သော့ ငိုကြွေးရှိုက်ငင်

မြေပြင်ပေါ်ကတောင်တန်းလက်

ကောက်နှံစိုက်ခင်း လယ်ကွင်းလက်

အဲဒီလက်တွေနဲ့ ပွေဖက်ကြင်နာဂုဏ်ပြုခဲ့

ကြယ်ပြောပင်လယ်တွေက

ပွင့်ရဲကြွေရဲ

ကြယ်နီတွေက တရဲရဲ ကြွေရာလမ်း
လှိုင်းအသိန်းအသန်းနဲ့ ရှိုက်ငို

ဂုဏ်ပြုတေးကိုဆို လှိုက်ဖိုခဲ့ကြ

မထင်မရှား

ကြွေသွားတဲ့ ကြယ်နီပွင့်တို့

အသင်တို့မြင့်မြတ်မှု

ယုံကြည်မှု စိတ်ဓါတ်ခြေရာ

သည်ကမ္ဘာထဲမှာ ကျန်ရစ်
အမြစ်စွဲခဲ့ပြီပဲ။
လူမှုစစ်ပွဲတွေထဲ ဆင့်ကဲ
တရဲရဲ လင်းလက်ဆဲ ကြယ်နီပွင့်
ဝင့်ကြ ပွင့်ကြလိမ့်ဦးမယ်
မိုးစက်ခုံးမြေအပြင်မှာ
ကြယ်စင်တွေဟာ နီနေလျက်ပါ
ဒါဟာ သင်တို့ မကြွဘူးမသေဘူး
လှစ်ကျူးဂုဏ်ပြုနေတာ ဖြစ်ပါတယ်။

(အညတြသူရဲကောင်းများသို့...)ပန်းငါးပွင့် မှ


Read More..


Thursday, July 9, 2009

"ရထား"



အသံပေါင်းစုံ ညံစီနေတဲ့
ဘူတာရုံလေးရဲ့
ရထားကြီးတစ်စင်းဟာ......ငါ့လိုပေါ့။
ရောင်းသူကရောင်း
ဝယ်သူကဝယ်
တက်သူကတက် ဆင်းသူကဆင်း
ခိုးသူဆဲရေးသူ
ငြိမ်သက်စွာ အိမ်မက်
စိတ်ပျက်နေသူ
ဘဝအမောတွေနဲ့ စိတ်စောနေသူ......
အဲဒါတွေအားလုံးအတွက်
ငါ့...ဥသြဆွဲခဲ့တယ်...
ဒါပေမယ့်
ငါဟာ ရထားကြီးပါပဲ...
သံလမ်းတွေကို
အပြန်ပြန် အလှန်လှန်
ငါနမ်းခဲ့ပေမယ့်
ငါ့ကိုယ်ပေါ်မှာ
............
...........
သြော်.....
အသံပေါင်းစုံ ညံစီနေတဲ့
ဘူတာရုံလေးထဲက
ငါဟာ ရထားကြီးတစ်စင်းပေါ့။ ။ ။ ။ ။ ။

"Train"
a big train in
a small station with lots of noise is me.
some people are selling.
some people are buying.
some people are getting into.
some people are stealing.
some people are swearing.
some people who are dejected are dreaming silently.
some people who are eager with the exhaustion of life.
for all these
I sounded a siren.
but,
I am a big train
Although I kissed the traitracks many times,
............
.........
on my body
O! a big train
in a small station with so much noise is me.






Monday, July 6, 2009

ထွက်သက်

ငါက...
ဆီဇာလို
မင်းရောပါလား. ဘရုတပ် ? လို့
နာမကျန်းမအံ့သြချင်ဘူး
ဆာဝီလျှံလိုသာ
နောက်ဆုံးထွက်သက်နဲ့
လွတ်မြောက်ရေးလို့ ဟစ်ကြွေးလိုက်မယ်။


"Exhaled Breath"
I....
don't want the surprise and
to feel that deep hurt
'Et tu Brutes?' sa Caesar
But, would like to shout loudly
'Freedom' with the last exhaled breath
as Sir William.

Tuesday, June 23, 2009

'..................'



ရောမတောကျီးကန်းကြီးတွေလေ
ဆာလောင်နေကြတယ်
လှည့်ပတ်ပျံသန်းနေတယ်
ထိုးစိုက်ဆင်းနေတယ်
အရပ် အနားမဲ့ မြင့်မြင့်မားမား
ငါ့စိတ်ထဲက အတွေးမျှင်များပေါ့။
ငှက်ကြည့်သမားဟာ
မူးယစ်ရီဝေပြီး
သူတို့တွေဘာကြောင့်များ
ဒီလိုလှုပ်ရှားပျံသန်း နေတယ်ဆိုတာ
အတွေ့အကြုံအရတောင်
တိတိ ကျကျ မသိနိုင်တော့ဘူးပေါ့။
အနိမ့်ပျံသန်းနေတယ် တွေဝေထိုင်းမှိုင်းနေတယ်
ကျဆင်းနေတယ်
အချုပ်အားဖြင့်တော့ ကမ္ဘာမြေကြီးကို ထိနေတယ်
အစားအစာကို ခိုးယူသုတ်ချီနေတယ်
ဒါဟာ နူးညံ့သော အနက်ရောင်လည်ချောင်းအတွက်
ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး
ဆိုးဆိုးဝါးဝါးတောက်ပနေတဲ့
အနက်ရောင်မျက်လုံးတွေအတွက် လည်းမဟုတ်သလို
အမွှေးအတောင်တွေရဲ့
တလက်လက်အနက်ရောင်အတွက်လည်း
မဟုတ်ပြန်ဘူး....။

".............."

Mountain ravens,
hungry,citcular flying,
diving
restless, high
thoughts in my mid.
The bird watcher-
dizzy and still doesn't know from experience
exactly why they fly as they do.
Low sweeping, dreary,
Falling touching the earth briefly,
stealing food
not intended for
the smooth black throat,
the villainous gleaming black eyes
nor
the shimmerimg black of the feathers.

ရေနွေးအိုး

ဝေါကနဲဝင်
တသွင်သွင်စီးထွက်
အပူမီးဆုလဒ်
ရင်ဝယ်ပိုက်ထွေး
စကားဝိုင်းဘေး အဖြည့်ခံ ။

Tea- Pot
enter with a roar
flow out copiousty
hold the award of hotness in thy breast
It is a complement, besides a chat.

မြစ်ကျိုးအင်း ပုံပြင်



ငါယူထားလိုက်ရတာ
ချုပ်စရာဗရပွနဲ့
ကောင်းကင်တစ်ခုရယ်။
မျိုချခံလိုက်ရတဲ့
ညနေခင်းတွေရယ်။
မကြာခဏ လျှော်ဖွတ်ခံထားရတဲ့
နောင်တတွေရယ်။
ဒိုင်အိုဂျီးနစ်
နောက်ဆုံးလွှင့်ပစ်လိုက်တဲ့
ခွပ်တစ်လုံးရယ်.....
ယင်ကောင်တွေရဲ့
အုပ်စုဖွဲ့ ပျံသန်းမှုရယ်....
ဒါပေမယ့်......
အတ္တလိုထွေးအံထုတ်ပစ်ဖို့
ကြေးမုံတစ်ချပ်လိုတယ်....
ပြဌာန်းချက်အောက်က
ရုန်းထွက်နိုင်ဖို့
ခိုင်ခန့်တဲ့ ကြိုးတစ်ချောင်းလိုတယ်...
ဘုရားသခင်ဟာ
သေဆုံးခဲ့ပြီ..။


Ox-bow cake story

I have received
a sky with many seams,
evenings swallowed,
regrets often washed,
the last cup throw away
by Diogenis
flying as a swarm of flies
But
I need a mirror to spit out 'ego'
I need a rope
to escape from definition.
(God)
has already died.
ပန်းရိုင်မြေမှ ဖိတ်ခေါ်ပါ၏။ ရွှင်လန်းချမ်းမြေ့ ကြပါစေ။